#LocalNews
Published - 11 Mar 2022
ယနေ့ နံနက်အစောပိုင်းကရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊တစ်ဆယ်တောင်ရပ်ကွက်အတွင်းမီးလောင်မှုဖြစ်ပွားရာ အိမ် ၁၂လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်းရပ်ကွက်နေပြည်သူများထံကသိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၁၁ ရက်နေ့ ယနေ့ နံနက် ၁၂နာရီ၁၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ တစ်ဆယ်တောင်ရပ်ကွက်၊ ဇေယျဝတီ(၃)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"မီးကအရမ်းများတယ်ဗျ တစ်ချို့ အိမ်တွေဆို လူလွတ်အောင်ပြေးရတာဘာမှ ယူချိန်မရလိုက်ဘူးဗျာ။အားလုံးပေါင်း အိမ်၁၂လုံးပါသွားတယ်"လို့ တစ်ဆယ်တောင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ထွက်ခွာငြိမ်းသတ်ခဲ့ရာ၁၂နာရီ၁၆ မိနစ်အချိန် တွင်Level 1ယာဉ်အုပ်စု ထွက်ခွာကာ၁၂နာရီ ၂၁ မိနစ်အချိန်တွင် level 2 ယာဉ်အုပ်စု ထွက်ခွာခဲ့ပြီးနံနက် ၁၂နာရီ ၃၇မိနစ် အချိန် မီးထိန်းနိုင်ကာ ၁၂နာရီ ၄၃ မိနစိအချိန်တွင် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
- Hits: 454
#LocalNews
Published_10 March 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရင်ပြင်မှာတွေ့တဲ့ ရှေးဟောင်းနတ်ညီနောင်ရုပ်တုကို မဟာမုနိပြတိုက်မှာ ထိန်းသိမ်းထားမယ်လို့ ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခဲ)ရဲ့ ညွှန်ကြားရေးမှူး ဦးကြည်ခင်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 402
#LocalNews
Published- March 10 2022
အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့တာကို ခွဲတမ်းသတ်မှတ်လိုက်တာကြောင့် အိန္ဒိယအပါအဝင် အခြားနိုင်ငံတွေကလည်း စားအုန်းဆီ ဝယ်ယူမှုမြင့်တက်လာတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 409
#LocalNews
Published 10 Mar 2022
ကမ္ဘာ့ရေနံဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်လျှက်ရှိပြီး သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှုစရိတ်များမြင့်မားလာသောကြောင့် အခြားကုန်စည်ဈေးနှုန်းများလည်းလိုက်ပါမြင့်တက်လျှက်ရှိရာ ပဲမျိုးစုံဈေးနှုန်းများလည်းအပါအဝင် နေ့စဥ်တက်ဈေးသို့ဦးတည်နေတယ်လို့ ဧရာကုန်သွယ်မှု ဗဟိုဌာနကသိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ ၂ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၄,၇၀၀၊ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျပ် ၄၄,၅၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၄,၉၀၀၊ ၈ ရက်နေ့တွင် ကျပ်၄၆,၅၀၀၊ ၉ ရက်နေ့တွင် ကျပ် ၄၆,၃၀၀ နှင့် ၁၀ ရက်နေ့တွင် ကျပ် ၄၆,၀၀၀ အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၏ရူပီးငွေကြေးတန်ဖိုးအနည်းငယ်ကျဆင်းပြီး ဈေးနှုန်းအချို့မြင့်တက်လာသောကြောင့် ၂ ရက်အတွင်း မတ်ပဲဈေးနှုန်းသည် FAQ တစ်တန်လျှင် $815 မှ $890 သို့ရောက်ရှိလာကာ ပဲခွဲစက်များမှ အဝယ်လိုက်နေခြင်းနှင့် ပဲစားသုံးမှုပိုမိုများပြားလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်တွင်လည်း ပဲမျိုးစုံဈေးနှုန်းများအထိုက်အလျောက်မြင့်တက်လျှက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာခြင်းများကြောင့် မတ်ပဲဈေးဆက်တက်နေဦးမည်ဟု သုံးသပ်ရကာပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယသည် ရုရှားမှပဲဝယ်ယူတင်သွင်းရန် စတင်လုပ်ဆောင်ချက်ခြင်းများရှိခဲ့ပြီး ယခုလက်ရှိတွင် ရုရှားမှ ပဲတင်သွင်းရန်မဖြစ်နိုင်တော့သည့်အခါ ၎င်း၏ ပဲလိုအပ်ချက်ကို ယခင်တင်သွင်းနေကျနိုင်ငံများထံမှသာ ဆက်လက်ဝယ်ယူရမည့်အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောတွင် အိန္ဒိယသည် ပဲဝယ်ယူတင်သွင်းရာတွင် မြန်မာမတ်ပဲတင်သွင်းခွင့်ကို ယခုနှစ်မတ်လကုန်အထိသာ ခွင့်ပြုထားသောကြောင့် တင်သွင်းခွင့်ကာလအပြီးတွင် မြန်မာမတ်ပဲဈေးနှုန်းအနည်းငယ်ပြန်အေးလာနိုင်ကြောင်းလည်း ပဲရောင်းဝယ်တင်ပို့သူကုန်သည်များက သုံးသပ်ထားပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
- Hits: 449
#LocalNews
Published_10 March 2022
နဂိုက ပြည်တွင်းမှာ ရွှေဈေးတက်ခဲ့တာဟာ ဘဏ်ကောလဟာလတွေရှိခဲ့တာရယ် ၊ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်သွားတာရယ် ၊ ဆိုင်တွေကလည်း ကိုဗစ်ကြောင့် ပိတ်ထားရတာရယ် ၊ သန့်စင်တဲ့လုပ်ငန်းတွေမှာလည်း ရွှေကုန်ကြမ်းပြတ်တာရယ်ကြောင့် ဖြစ်ခဲ့ပေမယ့် အခုကတော့ ကမ္ဘာ့ရွှေဈေးကြောင့် ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 405
#LocalNews
Published - 10 March 2022
ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူဦးရေ ၁၅၀ ကျော်အား ကလေးမြို့ပေါ်တွင် လက်ခံစောင့်ရှောက်ပေးထားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 396
# LocalNews
Published -10 March 2022
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ယနေ့ မတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း အဆိုပါတရားရုံးအသိုင်းအဝိုင်းက သိရသည်။
"ကိုမြအေးကို မင်္ဂလာတောင်ညွန့်တရားရုံးက အဲဒီအင်းစိန်ထောင်တွင်းတရားရုံးမှာပဲ ၂ နှစ် အပြည့် အမိန့်ချလိုက်ပါတယ်။ချုပ်ရက်ခံစားစေ တဲ့"ဟု အဆိုပါ တရားရုံး အသိုင်းအဝိုင်း နှင့်နီးစပ်သူက YMG ကို ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကပင် ထိန်းသိမ်းခံထားရသော ကိုမြအေးက အပြစ်မရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက် ရုံးချိန်းတွင် ကိုယ်တိုင်ထုချေခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 404