#Local_News
Published_9 November 2022

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၂၀၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။

 

အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သား ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် နိုဝင်ဘာ ၁၄ ရက် နှင့် နိုဝင်ဘာ ၁၆ ရက် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၂၂၈ ဦး စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။

 

နိုဝင်ဘာ ၁၄ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ နိုဝင်ဘာ ၁၆ ရက်တွင် Re-entry (ကုန်ထုတ်) အလုပ်သမား ၈၀ ဦး ပို့ဆောင်ပေးမည်ဖြစ်သည်။

 

အလားတူ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ အစပိုင်းတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၁၃၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/STH
#Yangon_Media_Group