#Local_News
Published _1 November 2022

 

အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား စုစုပေါင်း ၁၂၇၉ ဦး တရားဝင် ပို့ဆောင်ထားကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။

 

အောက်တိုဘာ ၄ ရက်တွင် လုပ်သားသစ် ၁၂၈ ဦး ၊ ၆ ရက်တွင် လုပ်သားသစ် ၁၂၄ ဦး ၊ ၁၁ ရက်တွင် လုပ်သားသစ် ၁၂၀ ဦး ၊ ၁၃ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ ၁၈ ရက်တွင် လုပ်သားသစ် ၁၅၀ ဦး ၊ ၂၀ ရက်တွင် လုပ်သားသစ် ၁၇၈ ဦး နှင့် ၂၅ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ အောက်တိုဘာ ၂၇ ရက်တွင် လုပ်သားသစ် ၁၇၃ ဦးနှင့် အောက်တိုဘာ ၃၁ ရက်တွင် လုပ်သားသစ် ၁၀၉ ဦးကို ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် မြန်မာလုပ်သားဟောင်းများအပါအဝင် လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော် စုစုပေါင်း လုပ်သား ၁၄၀ နီးပါးကို နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ကြေညာထားသည်။

 

တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုသည် ကုန်ထုတ်လုပ်သား ၊ ကုန်ထုတ် Re-entry လုပ်သား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group