#Local_News
Published - 5 July 2022

 

ဇူလိုင်လ (၅)ရက်၊ နံနက် ၇ နာရီကျော်တွင် မြန်မာနိုင်ငံပြည်တွင်း၊ ရန်ကုန်မြို့၊လှိုင်မြို့နယ်အနီးတွင် မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

ဇွန်လဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံတွင် မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ ရန်ကုန်တွင် ပထမဦးဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်၊၊

 

ရန်ကုန်မြို့လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာအင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်းသိရသည်၊၊

 

လက်တလောတွင် မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုများရှိပြီး ရန်ကုန်၊မန္တလေး၊ ပဲခူးစသည့် ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိသော ဒေသများတွင် တစ်ကျော့ပြန် မြေငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးကသတိပေး ပြောထားသည်၊၊

 

ymg/tthl
#Yangon_Media_Group