#LocalNews
Published - 23 June 2022

 

မိုင်းဖုန်းဆရာတော်ကြီး ဇွန်လိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းတွင်အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ညနေ(၅)နာရီတွင် အများပူဇော်နိုင်ရန် မိုင်းကျက်အောက်ဂူကို ကြွမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒကသူရဲ့ လူမှုကွန်ရက်အကောင့် Sao Su Kham တွင် ဖော်ပြထားသည်၊၊

 

မိုင်းဖုန်းဆရာတော်၏ နောက်ဆက်တွဲ စာတိုလေး တစ်ခုကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒကဘာသာပြန်ပြီး လူမှုကွန်ရက်မှာဖော်ပြထား ခြင်းဖြစ်သည်၊၊

 

မိုင်းဖုန်းဆရာတော်၏စာတွင်"ဇွန်လိုင်လ ၃၁ ရက်နေ့ အဓိဋ္ဌာန်ထွက်ပါမယ်။ နမ့်ဟူးရေထွက်မှာ ဆံတော်ကို ချပါမယ်။ နမ့်ဆင်မ်ရဲ့ တစ်ဘက်ကမ်း စံကျောင်းငယ်မှာ နေ့ဆွမ်းဘုဉ်းပေးပါမယ်။
(၃၁၊ ၇၊ ၂၀၂၂) ညနေ ၅ နာရီအချိန်အများပူဇော်နိုင်ရန် မိုင်းကျက်အောက်ဂူကို ကြွပါမယ်။
ဆရာတော်အား ဂူထွက်ပင့်ဖို့ နံနက် ၇ နာရီအချိန် သံဃာတော် ၂၃ ပါး၊ ရွှေခေါင်းပေါင်းရ အမျိုးသားပုဂ္ဂိုလ် ၃၈ ယောက် အပေါ်ဂူသို ကြွပါရန်။

 

ဝေါယာဉ်ကို ဆွဲဖို့အတွက် ရွှေခေါင်းပေါင်းရ အမျိုးသားများ လက်ယာဘက်၊ ရွှေခေါင်းပေါင်းရ အမျိုးသမီးများ လက်ဝဲဘက်မှ တစ်ယောက်ကို တစ်လံစီအကွာနေ၍ ဝေါယာဉ်ကို ဆွဲရန်။

 

သံဃာတော်များ ဝေါယာဉ်ရှေ့မှ ကြွပါရန်။

 

မိုင်းကျက်အောက်ဂူတွင် ၅ ရက် သီတင်းသုံးအပူဇော်ခံပြီးမှ မိုင်းဖုန်းကို ကြွပါမည်။

 

ဒုတိယဝါကို ဘယ်နေရာဝါဆိုမလဲ မဆုံးဖြတ်ရသေးပါ။

 

အရညဝါသီမိုင်းဖုန်းဆရာတော်၏စာကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ ဘာသာပြန်ပေးသည်"ဟုဖော်ပြပါရှိသည်၊၊

 

မိုင်းကျက်အောက်ဂူတွင် (၅) ရက်သီတင်းသုံးအပူဇော်ခံပြီးမှ မိုင်းဖုန်းကို ကြွရောက်မည်ဖြစ်ကြောင်းလည်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group