#Local_Health
Published_ 11 Feb 2022

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာနမှ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် ကိုဗစ်ရောဂါခံစားနေရပါသဖြင့် နှလုံးဆေးကုပြင်ပလူနာဌာနအား ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Facebook စာမျက်နှာမှ အသိပေးကြေညာထားပါတယ်။

 

နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံကြီး၏ အရေးပေါ်လူနာများနှင့် အခြားအထူးကုပြင်ပလူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး အရေးပေါ်နှလုံးလူနာများအား ပုံမှန်အတိုင်း ဆေးရုံတင်ကုသမှုပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ည သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၁,၆၀၇ ဦးရှိပြီး ပိုးတွေ့ရာနှုန်း ၆ ဒဿမ ၅ အထိပြန်လည်မြင့်တက်လာပါတယ်။

 

Photo CRD
ymg-mnn
#Yangon_Media_Group