#Local_News
Published 24 May 2024


▪️ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍မြန်မာသံရုံးဘန်ကောက်မြို့တွင် မေလ၂၇ရက်တနင်္လာနေ့ မှစတင်ပြီး ပြုလုပ်‌ေပးတော့မည်မဟုတ်ကြောင်း. မြန်မာသံရုံးဘန်ကောက်မြို့ က မေလ၂၄ရက်ကကြေညာလိုက်သည်။

 

▪️ ယခင်က ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားများနှင့်မြန်မာအလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာသံရုံးဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရုံးတို့တွင် ပြုလုပ်‌ေပးခဲ့ ကြောင်းသိရသည်။

 

▪️ "အရင်က မြန်မာအလုပ်သမားတွေ စာအုပ်လုပ်ဖို့ ဘန်ကောက်သံရုံးမှာ ရက်ချိန်းမရရင် ချင်းမိုင် သံရုံးမှာလည်း သွားလုပ်ကြတယ် ထောက်ခံစာဘာတွေလိုတယ်ဆိုရင်လည်း ဘန်ကောက်ရုံးမှာလာလုပ်ကြတယ်။

 

▪️ အခုကတော့မြောက်ပိုင်းမှာရောက်နေတဲ့ အလုပ်သမားတွေကောကျောင်းသားတွေကော လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေ ထောက်ခံစာကိစ္စတွေကိုချင်းမိုင်ရုံးကိုပဲ ခွဲပြီးပေးလိုက်တဲ့သဘောလို့ထင်တယ် ချင်းမိုင်မှာ‌ေနတဲ့သူတွေအနေနဲ့ ဘန်ကောက်သွားစရာမလိုတော့ဘဲအဆင်ပြေသွားတာပေါ့"ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

 

▪️ ထို့ကြောင့်လာမည့် မေလ၂၇ရက် တနင်္လာနေ့မှစတင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များကို ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သာ ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်း မြန်မာသံရုံးဘန်ကောက်မြို့က ကြေညာထားသည်။

 

#YMG/LW #Yangon_Times