#Local_News
Published-24 May 2024

▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား မို-င်း‌ -ခွဲ- ခံရ၍ အမြန်လူစီးရထားများညောင်လေးပင်နှင့်ဖြူးဘူတာများ၌ ရပ်တန့်ထားရ ကြောင်းမြန်မာ့မီးရထားမှသိရသည်။

 

▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား၊ ရထားလမ်း မိုင်တိုင် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူးအနီးတွင် မေလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်နှင့် ၂ နာရီ ၃ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ပေါ-က်ကွဲမှုကြောင့် အဆန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ပြီး ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ ပြီး အစုန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ကာ  ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

▪️ ထိုသို့ရထားလမ်းပျက်စီးမှုဖြစ်စဥ်များကြောင့်‌ ယနေ့ ရန်ကုန်မှ ထွက်ခွာလာ‌သော အမှတ်(၁၁) အဆန် လူစီးအမြန်ရထားသည် ညောင်လေးပင်ဘူတာတွင်လည်ကောင်း၊အမှတ်(၉၉၄) အစုန် ကုန်ရထားသည် ဖြူးဘူတာတွင်လည်ကောင်း အသီးသီး ရပ်တန့်ထားရကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်မေ ၂၀ ရက် ည ၉ နာရီခွဲခန့်ကလည်း သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times