#Local_News
Publicshed 28 April 2024

▪️ ယခုနှစ် မိုးရာသီအတွင်းလေဖိအားနည်းရပ်ဝန်းရှစ်ကြိမ်အထိဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

▪️ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။

 

▪️ ထို့အပြင် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။

 

▪️ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး  ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်းသိရသည်။

 

#YMG/ NN #Yangon-Times