#Local_News
Published_ 25 April 2024


▪️ တရုတ်နိုင်ငံ၏ နည်းပညာအကူအညီဖြင့် (၃)လအတွင်း ရန်ကုန်ရှိအထင်ကရ ဘုရားစေတီ(၁၀)ဆူမှာ ဘုရားဖူးသမိုင်းနှင့်လမ်းညွှန်စနစ်များ တပ်ဆင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောကြားချက်အရ ဧပြီလမှစ၍ ၃ လအတွင်း ရန်ကုန်ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူမှာ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်တပ်ဆင်မည့်စေတီဘုရား ၁၀ ဆူမှာ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတော်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

 

▪️ Pagoda Digital Directory သည်ခရီးသွားများအတွက် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အသေးစိတ်အချက်အလက်‌များကို လေ့လာကြည်ညိုနိုင်စေဖို့ ကူညီပေးနိုင်မည်  ဖြစ်သည့်အတွက် ပြည်ပခရီးသွားအရေအတွက်မြင့်တက်လာနိုင်စေနိုင်မည်ဖြစ်သည်။

 

▪️ ရန်ကုန်မြို့တွင် အထင်ကရစေတီဘုရားပေါင်း အဆူ ၃၀ ရှိပြီး ကနဦးဆောင်ရွက်မည့် စေတီဘုရား ၁၀ ဆူမှာ Pagoda Digital Directory များတပ်ဆင်ပြီးနောက် ကျန်ရှိသောစေတီဘုရားများ၍ ဆက်လက်တပ်ဆင်သွားမည်ဖြစ်သည်။

 

▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဂေါပကတွေနှင့်ပူးပေါင်းပြီး  မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထင်ကရဘုရားစေတီတွေမှာ Pagoda Digital Directory တွေ တပ်ဆင်ဖို့ကြိုးပမ်းဆောင် ရွက်နေပြီး ဧပြီလ ၁ ရက်နေ့ထိ ရွှေတိဂုံစေတီတော်၏  အရပ်လေးမျက်နှာမှာ  Pagoda Digital Directoryများတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times