#Local_News
Publicshed 24 April 2024

▪️ အပူရှိန်ပြင်းမှုကြောင့် အဝေးပြေးယာဉ်ပေါ်တွင် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါကအရေးပေါ်ကူညီစောင့်ရှောက်ရေးအဖွဲ့များ အပါအဝင်  အမြန်လမ်းရဲတပ်ဖွဲ့နှင့်လည်းချိတ်ဆက်၍ အရေးပေါ်ကျန်းမာရေးကုသမှုပေးနိုင်သည့် နေရာများသို့ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း အောင်မဂ်လာ အဝေးပြေးယာဉ်လိုင်းများမှ သိရသည်။

 

▪️ ထို့အပြင် အပူချိန်မြင့်မားချိန်၌ အဝေးပြေး Express ယာဉ် စီးနင်းခရီးသည်များ ကျန်းမာရေး ပြဿနာ မခံစားရစေရေးအတွက် ယာဉ်အတွင်း အပူချိန်ထိန်းညှိဆောင်ရွက်ခြင်း၊ ထမင်းဆိုင်နှင့် ကျန်းမာရေးအပေါ့အပါးအတွက် ရပ်နားမည့်နေရာများသို့ ရပ်နားရာတွင်လည်း မရပ်နားမီကပင် ကားအဲကွန်းများအား ပြင်ပအပူချိန်နှင့် မကွာဟစေရန် အရှိန်လျော့ခြင်းစသည့်ဝန်ဆောင်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ထားကြောင်း သိရသည်။

 

▪️ လတ်တလောတွင်  အပူချိန်မြင့်မားလျက်ရှိရာ  ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သည့် အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပြင်ထွက်ပါက အပူဒဏ်ကို ကာကွယ်စေမည့် နေကာမျက်မှန်၊ ဦးထုပ်၊ ထီးတို့ကို ယူဆောင်သွားကြရန် စသည့်အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times