Published 21 April 2024

ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) မှ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နိုင်ရန်ထုတ်ပေးသည့် (၇) ရက်ယာယီလက်မှတ်နှင့်ဖြတ်သန်းခွင့်ကို ဧပြီ ၂၁ရက်မနက်ပိုင်းတွင် စတင်ယာယီရပ်ဆိုင်းလိုက်ကြောင်း မြဝတီမြို့ရှိဒေသခံများထံက သိရသည်။

၇ရက် ယာယီလက်မှတ်ဖြတ်သန်းခွင့်ကို ရပ်ဆိုင်းထားသော်လည်း နိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားသူများကိုတော့ ဝင်ခွင့်ပြုကြောင်း သိရသည်။

""ယာယီဖြတ်သန်းခွင့် (Temporary Boder Pass) လက်မှတ်နဲ့ဖြတ်သန်းခွင့်ကို ဒီနေ့မနက်ပိုင်းက စပိတ်လိုက်တယ်။ဒါပေမယ့် Passport နဲ့ တော့ဖြတ်လို့ရသေးတယ်"ဟု မြဝတီ ဒေသခံတစ်ဦးကပြောသည်။

ထိုင်းသတင်းဌာန တွေမှာလည်း မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) တွင်တံတားကူးလက်မှတ်ကုန်သွားသဖြင့် မြဝတီမှသွားလာခွင့်ကို ယာယီပိတ်ထားလိုက်ပြီး ထိုင်းဖက်မှ မြ၀တီ အပြန်ဖက်ကိုတော့ သွားလာ ခွင့်ပေးထားကြောင်းထိုင်းသတင်းများကဖော်ပြထားသည်
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group