Published 21 April 2024

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အပူဒဏ်နှင့်ဆက်စပ်သည့် ရောဂါများအတွက် ကုသမှုနည်းလမ်းများ၊ ဆေးဝါးများနှင့် သီးသန့် ကုသမှုပေးနိုင်မည့် ကုသခန်းများကို ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

အပူဒဏ် ကြောင့် ပင်ပန်းနွမ်းလျမှုနှင့်အတူ ခန္ဓာကိုယ်ရှိ ရေဓာတ်ပျက်စီးဆုံးရှုံး ကာ အရေပြားပူလာခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းများ ဖြစ်ပေါ် နိုင်ပြီး ခေါင်းမူးခြင်း ၊ ချွေးထွက်ခြင်း ၊ ပျို့အန်ခြင်းများလည်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။

ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ အရက်သေစာ သောက်စားထားသူများနှင့် မူးယစ်ဆေးသုံးစွဲထားသူ များတွင် အပူဒဏ်နှင့်ပတ်သက်သည့် ရောဂါများအဖြစ်များပြီး ကြောင်း သိရသည်။

ယင်းအခြေအနေများ ဖြစ်ပွားနေချိန် ကုသမှုမပြုလုပ်ပါက နောက် တစ်ဆင့်ကူးသွားပြီး အပူဒဏ်ကြောင့် သတိလစ်မေ့မျောနိုင်သည့် အပြင်းထန်ဆုံးအဆင့်အထိ ရောက်ရှိနိုင်ခြင်းကြောင့် သတိပြုရန်လို ကြောင်း၊ ယင်းသို့ဖြစ်ပွားပါက လူနာကိုနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် အပူဒဏ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၄၀၀ ခန့်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group