#Local_News
Publicshed 20 April 2024

▪️ ပြည်ပနိုင်ငံများသို့ငါးမြစ်ချင်းအပါအဝင် ရေထွက်ကုန်အမျိုးအစားပေါင်း၂၀ကျော်တင်ပို့နေကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင်များဆီမှသိရသည်။

 

▪️ ထိုသို့တင်ပို့ရာတွင် ပုစွန်၊ ဂဏန်း၊ ငါးသလောက်၊ ကတ်ကတစ်၊ ငါး မြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော်အား  တရုတ်၊ ထိုင်းနှင့် အိမ်နီး ချင်းနိုင်ငံများအပါအဝင် ဂျပန်နှင့် ဥရောပနိုင်ငံများသို့လည်းတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ 'တင်ပို့တာက ကိုဗစ်ကာလမတိုင်ခင်ကလောက်မမှီသေးပေမယ့် ပုံမှန်တင်ပို့နေပါတယ်၊ တင်ပို့တဲ့အခါမှာ တခြားကုန်တွေလိုပဲ အခက်အခဲတစ်ချို့ကတော့ရှိပါတယ်၊ ပင်လယ်ရေကြောင်းအပြင်နယ်စပ်ကပါတင်ပို့နေကြတာပါ'ဟု ရေထွက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

▪️ ရေထွက်ကုန်သည် အခြားသောပို့ကုန်များနည်းတူ ပြည်ပဝင်ငွေ ကန်ဒေါ်လာ သန်း ရာကျော်ရှာဖွေပေးနေသည့် လုပ်ငန်းအမျိုးအစားဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ရှာဖွေပေးရာတွင် ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရေ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၁၄ ဒဿမ ၈၉၉ သန်းကျော်ရရှိခဲ့ကြောင်း စီးပွား
ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

 

#YMG/NN #Yangon-Times