#Local_News
Published_ 20 April 2024

▪️ ရန်ကုန်တိုင်းအတွင်း ဓာတ်အားစနစ်ချို့ယွင်းနေ၍ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဧပြီ ၂၀ရက် နေ့လည်ပိုင်း၌ ထုတ်ပြန်လိုက်သည်။

 

▪️ ထုတ်ပြန်ချက်တွင် ယနေ့ (၂၀.၄.၂၀၂၄) ရက်နေ့၊ (၁၃:၁၂) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါကြောင်း၊ ဓာတ်အားပြန်လည်ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

 

▪️ သင်္ဃန်းကျွန်း YESCက 20-4-24(13:12)SYSTEM ချို့ယွင်းမှုဖြစ်ပေါ် သဖြင့် သင်္ဃန်းကျွန်းမြို့နယ် ခွဲရုံအားလုံးယာယီဓာတ်အားပြတ်တောက်နေသည်ဟုထုတ်ပြန်ထားသည်။

 

▪️ တာမွေ YESCကလည်း(၂၀.၄.၂၀၂၄)ရက်နေ့  (၁၃:၁၀)ခန့်အချိန်တွင် ဓာတ်အားစနစ်ချို့ယွင်း၍ တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်းအသိပေးပန်ကြားထားကြောင်း သိရသည်။

 

#tthl #Yangon_Times