#Local_News
Published_ 20 April 2024


▪️ ဖူဆယ်အာရှဖလားပြိုင်ပွဲ တရုတ်ကို ဂိုးပြတ်ဖြင့်အနိုင်ရအောင်ကြိုးပမ်းမည်ဟု မြန်မာနည်းပြပြောကြားလိုက်ကြောင်း သိရသည်။

▪️ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Mr. Bunlert Charoenwongက " ပထမဆုံး အနေနဲ့ ထိုင်းအသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့် အသင်းက ကစားသမားတွေလည်း ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထိုင်းအသင်းဆီကနေ ထပ်မံသင်ယူစရာတွေကို သင်ယူခွင့် ရရှိခဲ့ပါတယ်။ တရုတ်နဲ့ ကစားမဲ့ ပွဲမှာ ကျွန်တော်တို့ အနေနဲ့ အနိုင်ရရှိဖို့လိုပါတယ်။ ဂိုးတွေလည်း များများ ရဖို့လိုပါတယ်။  ကျွန်တော်တို့ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်"၏ AFC Futsal Asian Cup 2024 ပြိုင်ပွဲ  ထိုင်း အသင်းနှင့် ပွဲအပြီးတွင်ပြောခဲ့သည်။

▪️ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဧပြီ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၅:၃၀ အချိန်တွင် ထိုင်းနိုင်ငံ၊ဘန်‌ကောက်၌ ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

▪️ မြန်မာအသင်းအနေဖြင့် အုပ်စုတွင်းပြိုင်ပွဲတွင် ဗီယက်နမ်အသင်းကို ၁ဂိုး-၁ဂိုးသရေ၊ ထိုင်းအသင်းကို ၅ဂိုး-ဝဂိုးဖြင့် ရှုံးနိမ့်ကာ ရမှတ်တစ်မှတ်ဖြင့် အုပ်စုတွင်း သုံးနေရာမှာရှိကာ တရုတ်အသင်းကတော့ ၂ပွဲလုံးရှုံးနိမ့်ကာ တစ်မှတ်မှ မရသေးကြောင်း သိရသည်။

 

#tthl #Yangon_Times