#Local_News
Published_ 19 April 2024


ယခုနှစ်သင်္ကြန်အပြီးတွင် လျှပ်စစ်မီတာခများတက်မည်ဟု လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြခြင်းများရှိခဲ့ပြီး လောလောဆယ်တော့တက်ရန် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

 

မီဒီယာတစ်ခုမှယခုနှစ်သင်္ကြန်အပြီး လျှပ်စစ်မီတာခများတက်မည်ဟုလူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခြင်းများရှိခဲ့ကြောင်း၊

 

မီတာခများတက်ရန်ရှိသလား။ တက်မည်ဆိုပါက အိမ်သုံး‌ရော၊စီးပွားရေးသုံး လျှပ်စစ်မီတာခများပါ တက်မှာလား။ဘယ်တော့စတက်မလဲဆိုသည့် မေးခွန်းကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  ယခုလောလောဆယ်မရှိသေးပါခင်ဗျာဟုဖြေကြားခဲ့သည်ဟု ဆိုသည်။

 

လက်ရှိတွင် အိမ်သုံးလျှပ်စစ်မီတာခများကို တစ်ယူနစ်ကနေ ၃၀ ယူနစ်အထိကို  တစ်ယူနစ်၃၅ ကျပ်၊ ၃၁ယူနစ်ကနေ ၅၀ ယူနစ်အထိကို တစ်ယူနစ် ၅၀ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိကို တစ်ယူနစ် ၇၀ကျပ်၊ ၇၁ယူနစ်ကနေ ၁၀၀ယူနစ်အထိကို တစ်ယူနစ် ၉၀ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ ယူနစ်အထိကို တစ်ယူနစ် ၁၁၀ကျပ်၊ ၁၅၁ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို တစ်ယူနစ် ၁၂၀ကျပ်၊ ၂၀‌‌၀ယူနစ်အထက်ကို တစ်ယူနစ်၁၂၅ ကျပ် သတ်မှတ်ထားကြောင်းနှင့် လုပ်ငန်းသုံးမီတာများကိုလည်း မီတာခများသတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။

 

#Local_News လျှပ်စစ်မီတာခများတက်ရန်မရှိ #လျှပ်စစ်ဝန်ကြီးဌာနဆို #tthl #Yangon_Times