#Local_News
Published 9 April 2024


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းမီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်မှုအရသိရသည်။

 

ဧပြီလ ၉ရက် နေ့လည် ၁နာရီ ၅၅မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂နာရီ ၁၉မိနစ်အချိန် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် လူနေအိမ် အချို့ မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းအရာနှင့် ဆုံးရှုံးမှုတန်ဖိုးကိုသက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၇ ရက် မနက်အစောပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈လမ်း(မင်္ဂလာကန်လမ်း)၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြားက စက္ကူစက်ရုံတစ်ရုံတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

#ပြည်ကြီးတံခွန် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times