၈ ဧပြီ ၂၀၂၄

ဗီဇာတစ်ခုတည်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ခြောက်နိုင်ငံကို ဝင်ရောက်နိုင်မည့် ပူးတွဲဗီဇာအစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံက ဖြစ်မြောက်ရေးကြိုးစားနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းသည်  ရှန်ဂန်ပုံစံဗီဇာ Schengen-type မျိုးကို ကမ္ဘောဒီးယား၊လာအို၊ မလေးရှား၊ မြန်မာ၊ဗီယက်နမ်တို့နှင့်အတူ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့လတွေအတွင်း ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါ အာဆီယံခြောက်နိုင်ငံဟာ ၂၀၂၃ခုနှစ်အတွင်းမှာ နိုင်ငံခြားသားခရီးသည် စုစုပေါင်း သန်း ၇၀ ဝင်ရောက်ခဲ့တာဖြစ် တယ်လို့ တရားဝင်ကိန်းဂဏန်းများအရသိရပါတယ်။ အဲဒီအထဲမှာ ထိုင်းနှင့် မလေးရှားတို့ဆီဝင်ရောက်တဲ့ခရီးသည်က စုစုပေါင်းရဲ့ တစ်ဝက်ကျော်ရှိနေပြီး ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၄၈ ဘီလျံဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာရဲ့ ခရီးသွားလုပ်ငန်း ဦးစီးဦးရွက်အစီအစဉ်တွေထဲမှာ ဗီဇာတစ်ခုတည်း အစီအစဉ်ဟာ သူ့ရဲ့ ရည်မှန်းချက်အပြင်းပျဆုံးအစီအစဉ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ ဒေါ်လာ ၅၀၀ဘီလျံ စီးပွားရေးရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ ခရီးသွားကရရှိတာဖြစ်ပြီး အလုပ်အကိုင်စုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ဟာ ခရီးသွားလုပ်ငန်းတွေမှာရှိနေပါတယ်။

ဥရောပသမဂ္ဂနှင့်မတူတာက ဆရက်သာရဲ့ ခြောက်နိုင်ငံ တစ်ဗီဇာ စိတ်ကူးဟာ စိန်ခေါ်မှုတွေကြုံရနိုင်တယ်လို့ ချလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခတစ်ဦးက ထောက်ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော အဲဒီ ခြောက်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းတွေဟာ မတူညီကြဘဲရှိနေတဲ့အပြင် ဗီဇာအတည်ပြုချက်အတွက်  အားလုံးက ပူးပေါင်းညှိနှိုင်းပြီး အတည်ပြုရမယ့်သဘောရှိနေတယ်လို့ သူက ဝေဖန်သုံးသပ်ထားပါတယ်။

@ymg/knl