#Local_News
Publiahed 1 April 2024

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၅)လမ်းနှင့် (၁၃၉)လမ်းကြားတွင် နေအိမ် နှင့်ဈေးဆိုင်တစ်ဆိုင် တို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

ဧပြီ ၁ရက် မွန်းတည့် ၁၂နာရီ ၂၇မိနစ် ခန့်က လောင်ကျွမ်း ခဲ့ ခြင်း ဖြစ်ကာ မီးသတ်တပ်ဖွဲ့ မှlevel 1 ယာဉ်အုပ်စု ဖြင့်ထွက်ခွာငြှိမ်းသတ် ခဲ့သဖြင့် ၁၂နာရီ ၄၈ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

"ကိုယ်ပိုင်အထက်တန်းကျောင်းလောင်တာမဟုတ်ပါဘူး နေအိမ်နဲ့ ဈေးဆိုင်လောင်တာပါ "ဟု ပြည်ကြီးတံခွန် မြို့နယ်မှုး ဦးကျော်ကျော်ဦးက ရန်ကုန်မီဒီယာဂရုကိုပြောသည်။

 

မီးလောင်ခဲ့ သည့် စာရေးကိရိယာရောင်း၀ယ်ရေးဆိုင်အတွင်းမှမီးသတ်တပ်ဖွဲ့၀င်များမီးကြွင်းမီးကျန်များရှင်းလင်းမီးငြိမ်းသတ်နေစဉ် ရွှေဆွဲကြိုး ရွှေလက်ကောက် ရွှေလက်စွတ်များပြာပုံအတွင်းတွေ့ရှိ၍ပိုင်ရှင်ဖြစ်သူအားပြန်လည်အပ်နှံပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

#Local_News#နေအိမ်နှင့် ဈေးဆိုင်မီးလောင် #YMG/LW #Yangon Times