Published _27 March 2024

ရန်ကုန်မြို့လယ် Sule Square အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၍ အရွယ်မရောက်သေးသူများအပါအဝင် ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ (၂၇) ရက် ည ၇ နာရီခွဲခန့်အချိန်ကဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့်သန့်ရှင်းရေးဝန်ထမ်း အချို့၊ အမှိုက်သိမ်း လူငယ် အချို့နှင့် လမ်းသွား လမ်းလာလူငယ် အပါအဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“အမှိုက်ကောက်တဲ့ ကလေးတွေလည်း ပါတယ်။အခုတော့ ဆေးရုံကြီးကို သယ်ယူပို့ဆောင်ထားတယ်”ဟု ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ဆူးလေလမ်းမနှင့် အနော်ရထာလမ်းတစ်ဝိုက်တွင် လုံခြူံရေး များက စိစစ်နေကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 27 March 2024
#YMG #Yangon_Times #Yangon_Media_Group