Published_ 27 March 2024

နေပြည်တော်ရှိ တပ်မတော်ပန်းခြံသို့မတ်လ(၂၈) ရက် မှ (၃၁)ရက်အထိ ဖွင့်လှစ်‌ပေးထားမည်ဖြစ်ပြီးမည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ကြောင်းသိရသည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား အများ ပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ် ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group