Published_ 25 March 2024

ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ်ယနေ့ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည် ။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ရန်ကုန်၌ နေထိုင်ပြီး နေရေးအခက်အခဲရှိသည့်  ပြည်သူများ ၊ အငြိမ်းစားဝန်ထမ်းများနှင့်  လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည် ။

ထို့အပြင် ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမည်  ဖြစ်သည်။
အဆိုပါ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီးလက်ရှိတွင်   စတင်နေထိုင်သူများ အဆင်ပြေစေရန် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း သိရသည်။

ထို့အပြင် စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင် ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group