Published 24 March 2024

ရုရှားနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ်မြန်မာနိုင်ငံက ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ၂၄ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိ Crocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်များလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ဖေါ်ပြထားသည်။

မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချ လျက်ရှိသည်ဟု ရေးသားထားသည်။

အကြမ်းဖက်ဝါဒီသည် နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက်ရှိကြောင်း မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
Yangon Times/LW
#Local_News
#Published_ 24 March 2024
#YMG_News #Yangon_Times #Yangon_Media_Group