Published_ 23 March 2024

ယခု၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းဂျပန်သို့ မြန်မာ့ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝခန့်တင်ပို့ထားပြီး လာမည့်၂၀၂၄-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဂျပန်အပါအဝင် နိုင်ငံစုံသို့ တိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရေး ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝ နီးပါးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ လာရောက်အသိပညာပေး ပြောကြားသည့်အတိုင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့သည့် လုပ်ငန်းစဉ်အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကာ ဂျပန်နိုင်ငံသာမက တခြားပြည်ပနိုင်ငံများသို့ လည်း အရည်အသွေးမြင့်ပဲများ ထုတ်လုပ်တင်ပို့နိုင်ရန် ရည်မှန်းထား ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂစသည့် ပြည်ပနိုင်ငံများသို့ စုစုပေါင်းပဲမျိုးစုံတန်ချိန် တစ်သန်းခန့် တင်ပို့ နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဥရောပသမဂ္ဂနှင့် တခြားပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်  ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း နှစ်စဉ်တင်ပို့လျက်ရှိပြီး စုစုပေါင်း ကမ္ဘာ့ပဲ မျိုးစုံ တင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group