Published 23 March 2024

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၃၈ လမ်း(၉၁x၉၂)ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

မတ်လ ၂၃ရက် နေ့လည် ၁၂နာရီ ခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၁၂နာရီ ၄၃ မိနစ် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။

"" ဘယ်လို လောင်တယ်တော့မသိဘူး လူနေအိမ် မီးလောင်တာ နေ့ခင်းအပူများတဲ့ အချိန်ဆိုတော့ မီးကများတယ် အိမ်၂လုံး၃လုံးလောက် မီးထဲပါသွားတယ်""ဟု ဒေသခံတစ်ဦးကပြောသည်။

မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး များကိုသက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo - Than Htay
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group