Published_ 20 March 2024

လုံခြုံရေးအခြေအနေအရတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်တစ်ရပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်လိုက်သည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးမှ လုံခြုံရေးအခြေအနေအရ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသည့် ကျောင်းသား ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရတို့၏ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသည့်အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆို‌စေခြင်းကို  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

ဖြေဆိုရမည့်နေ့ရက်နှင့် စာစစ်ဌာနများကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မတ်လ(၁၉)ရက်၌ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group