Published_ 19 March 2024

သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း၌ လိပ်ကျင်းပေါင်း ၁၃၀ကျော်တွေ့ရှိပြီး ငါးနှစ်တာအတွင်းအများဆုံးတွေ့ရှိရကြောင်း သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း မှသိရသည်။

ယခု၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ လိပ်ဥကျင်း ၁၃၇ကျင်း တွေ့ရှိထားခြင်းဖြစ်သည်။

' ဒီပမာဏကဒီဘဏ္ဍာနှစ်လက်ရှိအချိန်ထိ တွေ့တာပါ ၊အရင်နှစ် တွေက၆၀၊၇၀လောက် ပဲတက်တယ်၊ အရင်လွန်ခဲ့တဲ့ ၅နှစ်နဲ့ယှဉ်ရင်ဒီ နှစ်ကပိုများတယ် ' ဟု သမီးလှကျွန်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်း မှ တာာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပင်လယ်လိပ်ထိမ်းသိမ်းရေးစခန်းသည် မြန်မာနိုင်ငံကမ်းရိုးတန်းတ​လျောက် ငါးလုပ်ငန်းဦိးဌာနမှ ပင်လယ်လိပ်မျိုးထိန်း သိမ်း​ဆောင်ရွက်​နေ​သော​ ဒေသများအနက် ပင်လယ်လိပ် အများဆုံးတက်​ရောက်ဥချသည့် နေရာဒေသဖြစ်သည်။

ထိုသို့ဥချသည့် လိပ်များတွင် ပြင်သာလိပ်အများဆုံးတက်​ရောက် ၍ဥလေ့ရှိကာပင်လယ်လိပ်များ တက်ရောက်ဥချမျိုးပွားသည့်နှုန်းကျဆင်းမသွားစေရန် ပင်လယ်လိပ်များ၊ နေထိုင်ရာစားကျက်နှင့်ဥချရာ ကမ်းခြေများ ပျက်ဆီးပျောက်ဆုံးခြင်းဖြစ်ပေါ်လာမှု့ တားဆီးရန်နှင့် ရေရှည်ဆက်လက်တည်တံခိုင်မြဲရန်ရည်ရွယ်၍ ဒေသတွင်း၌ ဟောပြောမှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

ထို့အပြင် မျိုးတုန်းလုနီးပါးလိပ်များကိုထိန်းသိမ်းလျက်ရှိရာ ပတ်ဝန်းကျင်ဒေသခံများ၏ပူးပေါင်းမှု့များလည်းလိုအပ်သည့်အတွက် ကမ်းခြေရှိ ကျေးရွာများတွင် ဟောပြောပွဲများ ပြုလုပ်လေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group