#Local_News
Published 18 March 2024


မလေးရှားနိုင်ငံတွင် သံဖြင့်ပြုလုပ်သော သံထည်လုပ်ငန်းလုပ်ကိုင်သော စက်ရုံတွင် အလုပ်လုပ်နေစဥ် သံချောင်းဖြတ်ရာတွင်အသုံးပြုသော (ဂတ်စ်အိုး)ပေါက်ကွဲကာ သေဆုံးခဲ့သည့်မြန်မာလုပ်သားနှစ်ဦးအား ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

 

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကုန်းဇရပ်ကျေးရွာတွင်နေထိုင်သော (ကိုပြည့်စုံဖြိုး) အသက် (၃၃)နှစ် နှင့်စစ်ကိုင်းတိုင်း တန်းဆည်မြို့နယ် ရွှေကြာတန်းကျေးရွာတွင်နေထိုင်သော (ကိုရှိုင်းအောင်) အသက် (၂၉)-နှစ်တို့သည် မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် ပူချွန်းမြို့ သံဖြင့်ပြုလုပ်သော သံထည်လုပ်ငန်းလုပ်ကိုင်သော စက်ရုံတွင် အလုပ်လုပ်နေစဥ် သံချောင်းဖြတ်ရာတွင်အသုံးပြုသော (ဂတ်စ်အိုး)ပေါက်ကွဲကာ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင်ကွယ်လွန် အနိစ္စရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့်  ကျန်ရစ်သောခန္ဓာကိုယ်ကို (မလေးရှားနိုင်ငံ ပူချွန်းမြို့(၁၄)မိုင်တွင်ရှိသော မီးသဂြိုလ်စက်၌ မတ်လ ၁၈ ရက်နေ့ နံနက် (၁၁)နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)မှကအသိ‌ပေး ထားသည်။

 

#Local_News #(ဂတ်စ်အိုး)ပေါက်ကွဲ #မြန်မာလုပ်သားနှစ်ဦးသေဆုံး #YMG/ NN #Yangon_Times