#Local_News

Published 17 March 2024


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပညာရေး ဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ AFC-MFF(C) လိုင်စင်နည်းပြ သင်တန်းကို လယ်ဝေးမြို့နယ်တွင် ဖွင့်လှစ်ပြီးစီးခဲ့‌ကြောင်းသိရသည်။

 

သင်တန်းအား ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၂ ရက်အထိ ပို့ချသင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား ၂၄ ဦး တက်ရောက်သင်ယူခဲ့သည်။ 

 

မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲတွင် ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့်ကြီးကြပ်သူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့်ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နည်းပြသင်တန်း၊ ဒိုင်သင်တန်းနှင့် ဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး သင်တန်းများအား  ဖွင့်လှစ်ရန်နှင့် လူငယ် ပြိုင်ပွဲများ ပူးပေါင်းကျင်းပသွားရန်၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး၊ လူငယ်ကစားသမားများ၏ ပညာရေး လစ်ဟင်းမှု မရှိစေရေးနှင့် ကစားသမားကောင်းများ ပေါ်ထွက်လာရေး အစရှိသည့် ဒေသအလိုက် ဘောလုံးတိုးတက်ရေး လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အဖွဲ့ချုပ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#tthl #Yangon_Times