#Local_News
Published_ 16 March 2024


မုဒုံမြို့နယ်တွင် မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေးကော်မတီနှင့် မုဒုံမြို့နယ်မီးသက်ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးငယ်များကို အခမဲ့ရေကူးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ထားပြီး အဆိုပါသင်တန်းသို့ကလေးလူငယ် (၅၃)ယောက်သင်ကြား‌လျက်ရှိသည်ဟု ဆိုသည်။

 

မေတ္တာစံအိမ် ရေကူးသင်တန်းအပတ်စဉ်(၇)ဖွင့်လှစ်ပွဲ အခမ်းနားပြုလုပ်ခဲ့ပြီးမုဒုံမြို့နယ်ဘိုးဘွားရိပ်သာဥက္ကဌဦးလှသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မုဒုံမြို့နယ်မီးသက်ဦးစီးမှူးဦးဖုန်းမြင့်ဦးမှရေကူးနည်းစနစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက်မေတ္တာစံအိမ်ဘိုးဘွားနေ့စောင့်ရှောက်ရေး နာယကဒေါက်တာမြင့်ဦးမှ ရေကူးသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#Local_News #အခမဲ့ရေကူးသင်တန်းပေး #tthl #Yangon_Times