Published 5 March 2024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၃x၄)လမ်းကြား တွင် ယနေ့နံနက် ပိုင်းက မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။

မတ်လ ၅ ရက် နံနက် ၄နာရီ ၃၅မိနစ် ခန့်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ကာမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅၅မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးသည့် တန်ဖိုး ကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မတ်လ ၄ရက် ညနေ ၄နာရီ ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီ ဆိုင် တွင် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group