#Local_News
Published 28 February 2024


သထုံမြို့နယ် မိုးကောင်ကျေးရွာအုပ်စု(ဖရဲသီးတန်းအနီး) ရန်ကုန်-မော်လမြိုင်လမ်းကြီးပေါ်မှ မိုင်တိုင်အမှတ်  ၁၃၅/၇ နှင့် ၁၃၆/၀ အကြားရှိ  တံတားတစ်စင်း ယနေ့နံနက်ပိုင်းကမိုင်းခွဲခံရသဖြင့် ကျိုးကျပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူ များထံက သိရသည်။

 

အဆိုပါ တံတားကျိုးကျပျက်စီးသွားသဖြင့် ယာဉ်များဖြတ်သန်းသွားလာလို့ မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး အတွက် အခက်အခဲဖြစ်ကာ လမ်းပေါ်တွင် ယာဉ်များရပ်တန့်ထားရကြောင်း သိရသည်။

 

"ဒီမနက် ၁နာရီခွဲလောက်က မိုင်းခွဲခံရပြီး တံတား ကျိုးသွားတာ ယာဉ်ကြီးရော ယာဉ်ငယ်ရော ဖြတ်လို့ မရတော့ဘူး အခုမနက်ပိုင်းတော့ ကားအသေးတွေ ၆ဘီးကားတွေကတော့ ရွာလမ်းထဲကနေဖြတ်ပြီး သွားကျတယ် မှန်လုံကား တွေ ၁၀ဘီး ၁၂ဘီး ကားတွေကတော့ သွားလို့မရသေးဘူး။ လမ်းပေါ် မှာရပ်ထားရတယ်"ဟု မိုးကောင်းရွာမှ ဒေသခံ တစ်ဦးကပြောသည်။

 

ယခုကဲ့သို့ တံတားကျိုးသွားကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေသောကြောင့် ရန်ကုန်-မော်လမြိုင် လမ်းအသုံးပြုရန် လိုအပ်သူများ အနေဖြင့် လမ်းအခြေနေစုံစမ်းပြီးမှသာ သွားလာရန်အတွက် ဒေသခံလူမှုကူညီရေးအသင်းများက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားသည်။

 

#Local_News #တံတားတစ်စင်းမိုင်းခွဲခံရ #ယာဉ်များသွားလာရန်အခက်အခဲဖြစ်နေ #YMG/LW #Yangon_Times