Published_23 Feb 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ် လည်မှုများပြုလုပ်နေသည့် ထိုင်း၊တရုတ်နှင့် မြန်မာနိုင်ငံသား ၆၈၉ ဦး ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ တရားမဝင် Online လောင်းကစားဂိမ်းများနှင့်ငွေကြေးလိမ်လည်သူများသည် တာချီလိတ်မြို့၊ ဆန် ဆိုင်း (က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာ နိုင်ငံသူသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး စီး ပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား များအား တရားဥပဒေ အတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon_Times/PP