#Local_News
Published 29 January 2024


ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ -ရန်ကုန် ကားလမ်းမိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃)ကြားတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ တစ်ဦးေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဇန်န၀ါရီ ၂၉ ရက် နံနက် ၆နာရီ ၄၀ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိချက်အရ ဓနုဖြူမြို့နယ် မီးသတ်စခန်းမှ သန္ဓေ မီးသတ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

"ဓနုဖြူမြို့တောင်ဘက် ၄ မိုင်ခန့်အကွာညောင်ချောင်းရွာအနီးမှာဖြစ်တာ ကုန်တင်ကားက ဆန်အိပ်တွေ သယ်လာတဲ့ ကား မျက်နှာချင်းဆိုင်လာတဲ့ ဆီဘောက်ဆာ ကားနဲ့တိုက်မိသွားတာ မနက်ပိုင်းက ရာသီဥတုက အုပ်မှိုင်းမှိုင်း ဆိုတော့မြင်ကွင်းမရှင်းဘဲ ဖြစ်သွားတာ ထင်တယ်​ေ-သဆုံးသွားတဲ့ ယာဉ်မောင်းက ကားအောက်မှာညှပ်နေလို့ မီးသတ်တပ်ဖွဲ့တွေ အကူညီနဲ့ ထုတ် ကသေးတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ မှာေ-သဆုံးပြီး ယာဉ်အကူဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဓနုဖြူပြည်သူ့ဆေးရုံသို့ ပုဏ္ဏမာပရဟိတအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ကုန်တင်ယာဉ်နှင့်ဆီဘောက်ဆာယာဉ် #မျက်နှာချင်းဆိုင်တိုက်မိ #ယာဉ်မောင်းဖြစ်သူေ-သဆုံး #YMG/LW #Yangon_Times