#Local_News
Published_ 20 January 2024

မွန်ဘုရင်မကြီးရှင်စောပုလှူဒါန်းပူဇော်ထားသည့် အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိအစရှိသည့် ဗုဒ္ဓရုပ်ပွားတော် (၄)ဆူကိုရန်ကုန်မြို့သို့ ပင့်‌ဆောင်ပူဇော်ရန်ရှိကြောင်း ရန်ကုန်မြို့‌တော်စည်ပင်သာ ယာရေးကော်မတီမှသိရသည်။

 

ရုပ်ပွားတော်မြတ်များအား ရန်ကုန်မြို့တော်ခန်းမတွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၂  ရက်အထိ ပင့်ဆောင်အပူဇော်ခံထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။

 

အစည်းအဝေးတွင် အတွင်းရေးမှူးက အမှာစကားပြောကြားရာ “အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများဖူးမြော်ကြည်ညိုနိုင်ရန် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ခံထားရှိစဉ် ဝတ်ရွတ်အဖွဲ့များမှ ရွတ်ပွားကုသိုလ်ပြုနိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆွမ်းဆက်ကပ်ပူဇော်ရေး၊ ကန်တော့ပွဲနှင့်ပန်းများ ဆက်ကပ်ပူဇော်ရေးကိစ္စရပ်များ အား အဆင်ပြေစွာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေး ကိစ္စရပ်များအဆင်ပြေစေရန် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် စီမံရေးရာဌာန၊ ဌာနမှူး ဦးကျော်မင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပင့်ဆောင်ပူဇော်ရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆွမ်းဆက်ကပ်လှူဒါန်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ သီတင်းသုံးစဉ်ကာလအတွင်း ဝတ်ရွတ်အဖွဲ့များဖြင့် ရွတ်ပွားပူဇော်ရေးကိစ္စရပ်များ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စရပ်များ၊ ဘုရားဖူးများဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ လျှပ်စစ်မီး၊ လုံခြုံရေးနှင့် သန့်ရှင်းရေးကိစ္စရပ်များ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပြန်လည်ကြွချီရာတွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

#Local_News #ဗုဒ္ဓရုပ်ပွားတော် (၄)ဆူ #နှစ်ရက်ကြာအပူဇော်ခံထားရှိ #tthl #Yangon_Times