#Local_News
Published 20 January 2024


(၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကြေညာထားသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်းပြီး (၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲကိုကြီးမှူး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နှစ်က ကျင်းပခဲ့သည့်ပုံစံအတိုင်း ဘာသာပြန် ပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျွမ်းကျင်အဆင့်အတွက် ဂျပန်စာဘာသာပြန်ပြိုင်ပွဲနှင့် အခြေခံအဆင့်ဂျပန်စာလေ့လာနေသူများအတွက် အငယ်တန်းအဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲဟူ၍ ခွဲခြားကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆုရရှိသူများကို ဂုဏ်ပြုဆုလက်မှတ်နှင့်အတူ ဆုလက်ဆောင်များလည်း ပေးအပ်သွားမည့်အပြင် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက  ဂျပန်နိုင်ငံသို့ ဖိတ်ကြားခြင်း အစီအစဉ်တွင်လည်း ပါဝင်နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

 

ပါဝင်ယှဉ်ပြိုင်လိုသူများအနေနှင့် ဂျပန်သံရုံး၏ Homepage သို့မဟုတ် MAJA ၏ Facebook တွင်  ဝင်ရောက်ကြည့်ရှုပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၃၁ရက်အထိ လျှောက်ထားနိုင်ကြောင်းသိရသည်။

 

#Local_News #ဂျပန်စာဘာသာပြန်ပြိုင်ပွဲ #ဂျပန်သံရုံးကြေညာ #YMG/LW #Yangon_Times