#Local_News
Published 19 January 2024


မန္တလေး၌ ယမန်နေ့က ပျောက်ဆုံးခဲ့သည့် ကားစင်းလုံးအငှားဝန်​ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူကို ယနေ့နေ့လည်ပိုင်း၌ မြောင်းထဲတွင်းေ-ဆုံးလျှက်ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖြစ်စဉ်မှာဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် ကားစင်းလုံးငှားဝန်ဆောင်မှုပေးသည့် ကိုဆန်းမျိုးမြင့်သည် မန္တလေးမှ ၇ မိုင်ကမ်းခြေသို့ ကားအငှားရရှိခဲ့ရာ လိုက်သွားပြီး ပြန်မလာ သောကြောင့် မိသားစုမှ လိုက်လံရှာဖွေခဲ့ရာ အုန်းချောတိုးရ်ဂိတ် CCTV မှတ်တမ်းအရ ကိုဆန်းမျိုးမြင့်ဟာ နေ့လယ် ၁ နာရီဝန်းကျင်တွင် ကိုယ်တိုင်မောင်းနှင်ဖြတ်သန်းသွားပြီး ညနေ ၅ နာရီဝန်းကျင် ကားပြန်မောင်းလာချိန်တွင်မူ မောင်းနှင်သူများမှာ အခြားသူများ ဖြစ်သွားပြီး ကိုဆန်းမျိုးမြင့်ပြန်ပါမလာ‌သောကြောင့် မိသားစုက တာဝန်ရှိသူတွေထံ တိုင်ကြားအကူအညီတောင်းခံပြီး လိုက်လံရှာဖွေရှာခဲ့‌ကြောင်း သိရသည်။

 

'cctv မှတ်တမ်းအရ အုန်းချော toll gate ကို နေ့လည် ၁နာရီဝန်းကျင်လောက်မှာဖြတ်ပါတယ်၊သူကိုယ်တိုင်မောင်းသွားတာပါ၊ ညနေ ၅ နာရီဝန်းကျင်မှာကားကပြန်ဖြတ်လာပါတယ်။ မောင်းတဲ့သူက အခြားသူဖြစ်သွားပါတယ်၊ သူပြန်ပါမလာတော့ပါဘူး၊ ဒီနေ့မှာ ကားတော့မတွေ့သေးဘူး၊ လူတော့ dead bodyတွေ့ပါပြီ၊ ၁၇မိုင်မြောင်းထဲက ပြန်ရတာပါ၊ 9P/4526 ကားကိုတော့ လုသွားတယ်'ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

 

လတ်တလောတွင် ကိုဆန်းမျိုးမြင့်၏အလောင်း ကိုပြန်လည်ရှာဖေတွေ့ရှိသေယ်လည်းေ-ဆုံးသူ၏ ဆူဇူကီးအာတီဂါ 9P/4526 ယာဉ်မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ တရားခံများမှာလည်း လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

 

#Local_News #ကားစင်းလုံးအငှားဝန်​ဆောင်မှုလုပ်ကိုင်သူ #YMG/ NN #Yangon_Times