#Local_News
Published_ 19 January 2024


၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံး ဗိုလ်လုပွဲနှင့်ဆု ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်က နေပြည်တော်ရှိ သိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ပြိုင်ပွဲ ဝဏ္ဏသိဒ္ဓိ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မော်လ မြိုင် ဇုန်အသင်း နှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြခြင်းဖြစ်သည်။


နှစ်ဖက်အသင်းအနေဖြင့် ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယ ပိုင်း ပြီးဆုံးချိန် တွင်လည်း ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း ပြီးဆုံးခဲ့သောကြောင့်အချိန်ပို မိနစ် ၃၀ ကစားရာ ယင်းပွဲစဉ် တွင်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သဖြင့် ပင်နတီအဆုံးအဖြတ်ရယူခဲ့ရာ မော်လမြိုင်ဇုန်အသင်းက မြစ်ကြီးနားဇုန် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားပြီး တံခွန် စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရသည်။

 

ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲအတွင်း အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ် တန်း)ဆု၊ အကောင်းဆုံး(ရှေ့တန်း)ဆု၊ ဂိုးသွင်းအ များ ဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရရှိသူများကိုလည်းကောင်း၊ တတိယဆုရရှိသည့် ပုသိမ်ဇုန်အသင်း ၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန် အသင်း၊ပထမ ဆုရရှိသည့် မော်လမြိုင်ဇုန် အသင်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပညာရေးဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ #ဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ် #Yangon_Times/PP