#Local_News
Published 23   December 2023


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ အာယုဒီကကျောင်းတိုက်‌ရှေ့၊ ရန်ကုန်-ပြည်လမ်းမပေါ်တွင် ကရိန်းယာဉ်တစ်စီးမှ ဓါတ်တိုင်ကို ဝင်တိုက်မိကာ ယာဉ်မောင်းသူမှာကားအတွင်ညှပ်မိမှုဖြစ်ပွားခဲ့ကြောင်းမင်္ဂလာဒုံမြိုနယ်မီးသတ်စခန်းမှ သိရသည်။

 

ဒီဇင်ဘာ ၂၂ရက် ည ၁၀နာရီ ၂၅မိနစ် အချန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ဓါတ်တိုင်အောက်ခြေပြတ်သတ်သွားဖြင့်  ယာဉ်အတွင်းညှပ်နေသည့် ယာဉ်မောင်းအမျိုးသား အား ကယ်ဆယ်ရေးလုပ်ရာတွင်  ဓါတ်တိုင်ပိမိမှုမဖြစ်စေဘဲ အန္တရာယ်ကင်းစေရန် လျှပ်စစ်ဌာနမှ ကရိန်းနှစ်စီးဖြင့် ဓါတ်တိုင်ကို ဖယ်ရှားပြီးမှသာ ယာဉ်အတွင်းညှပ်နေသူကို အပြင်သို့ခေါ်ယူနိုင်ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့်   ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးကို ပုလဲအရန်မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်-ပြည်လမ်း #ကရိန်းယာဉ်တစ်စီးဓာတ်တိုင်ဝင်တိုက် #YMG/LW #Yangon_Times