Published 3 October 2023

မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ် တွင် လူဝင်ကြီးကြပ်ရေးဌာနမှ အထူးစစ်ဆင်ရေးအဖွဲ့၊ မလက္ကာရှေ့ဟောင်းမြို့ တာဝန်ရှိသူများနှင့် မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ တို့က မြန်မာရွေ့ပြောင်းလုပ်သား ၁၀၀ကျော် အပါအဝင် အခြား နိုင်ငံ ခြားသား ရွှေ့ပြောင်း လုပ်သားများ ကို စစ်ဆေးမှု
ပြုလုပ်ခဲ့ပြီး အထောက်အထား မပြည့် ဆုံသည့့်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ဦးအဖမ်းခံခဲ့ရကြောင်း မလက္ကာလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ချက် အရ သိရသည်။

မလေးရှား အစိုးရ က ပြည်တွင်း ရှိ တရားမဝင် နေထိုင်သူများ ကို စီမံချက် ဖြင့် ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကာ ပြီးခဲ့သည့် အောက်တိုဘာ ၁ရက် က မလက္ကာပြည်နယ် ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းဝန်းကျင်ရှိ တရားဝင် ဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းနေရာများနှင့် ဈေးဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၉၉ ဦးကို ဖမ်းဆီးစစ်ဆေး ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးစစ်ဆေးခံရသူများတွင် မြန်မာ ၁၀၂ဦး၊ ဘင်္ဂလားဒေ့ရှ် ၆၈ ဦး၊ အင်ဒိုနီးရှား ၉ ဦး၊ နီပေါ ၁၇ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၃ ဦးတို့ပါဝင်ပြီး အဆိုပါ နေရာအနီးတဝိုက် တွင် အလုပ်လုပ်နေကြသူများ အပြင် လမ်းသွားလမ်းလာလုပ်နေကြသူတွေလည်း ပါဝင်ကြောင်း သိရသည်။

မလက္ကာလူဝင်မှုကြီးကြပ်ရေးဌာနမှာ စစ်ဆေးခံရသူများတွင် ၂၃ ဦးသည် အထောက်အထား မပြည့်စုံတဲ့အတွက် ဖမ်းဆီးထားပြီး ယင်း၂၃ဦးထဲမှာ မြန်မာအမျိုးသား ၁၆ဦးနဲ့ ဘင်္ဂလာဒေ့ရှ် ၇ဦး ပါဝင် ကြောင်း သိရသည်။

ယခု ကဲ့သို့ မလေးရှားအစိုးရ က တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား အလုပ်သမားများကိုဖမ်းဆီးမှုများ ဆက်တိုက် လုပ်နေသော်လည်း မြန်မာ နိုင်ငံ အတွင်း အလုပ်အကိုင် အခွင့်လမ်း နည်းလာတာကြောင့် မလေးရှား သို့ ပွဲစားများကနေတဆင့် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမားများ လည်း ရှိနေကာ အလုပ်အကိုင် မရရှိဘဲ အခက်ခဲ ဖြစ်ပေါ်နေမှုများ လည်း ရှိနေကြောင်း မလေးရှားနိုင်ငံ ရှိ မြန်မာလူမှုကူညီရေး အသင်းများထံ က သိရသည်။
Yangon_Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group