Published_ 4 September 2023

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အတွင်း စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ၆ဘီးယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် မြန်မာနိုင်ငံသား သားအဖ (၂) ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံအတွင်းရှိ သတင်းဌာန တစ်ခု မှ သိရသည်။

မဲဆောက်မြို့၊ အမှတ် ၁ နယ်မြေ၊ ခန်းခိဘန်ကျေးရွာရှိ လမ်းဆုံတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသား မောင်းလာသည့် ၆ ဘီးယာဉ် မှ နောက်သို့ ကားဘက်ဆုတ်ရာ မှ အနောက်က လာသည့် မြန်မာနိုင်ငံသား မိသားစု စီးလာသည့် ဆိုင်ကယ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ် တိုက်မှု ကြောင့် ဆိုင်ကယ်စီးလာသည့် မြန်မာနိုင်ငံသားအမိသားအဖ၃ဦးအနက် အမျိုးသားတစ်ဦးနှင့်၃ နှစ် အရွယ် ကလေးငယ် တို့ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိ ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့မဲဆောက်ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ ၆ ဘီးယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time