#Local_News
Published-17-8-2023

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲယှဉ်ပြိုင်ထိုးသတ်မည့်အပေါ် လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေဝ က စောင့်ကြည်သွားမည်ဟု ယနေ့ ဩဂုတ် (၁၇)ရက်တွင် သူ၏ ပရိတ်သတ်အား သတင်းစကားပါးလိုက်သည်။

 

သတင်းစကားပါးရာတွင် ရိုးရာလက်ဝှေ့လောကမှ ၎င်းအနေဖြင့်အနားယူခဲ့ပြီးနောက် သူ၏နေရာအား ဆက်ခံထားသူမှာ သွေးသစ်ဝင်းလှိုင်ဖြစ်ကြောင်း ဆိုသည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိ အဖွင့်ဝိတ်တန်း မြန်မာ့လက်ဝှေ့ချန်ပီယံကို သွေးသစ်ဝင်းလှိုင်အား အသိအမှတ်ပြုစေချင်ကြောင်းကိုလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ရေးသားမျှဝေထားသည်။

 

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့နှစ်ဦးသည် ယခုနှစ်ဇန်နဝါရီ (၂၉)ရက်တွင် လစ်လပ်နေသော အိုးပင်းဝိတ်တန်းချန်ပီယံဆုအတွက် ယှဉ်ပြိုင်ထိုးသတ်ရာသွေးသစ်ဝင်းလှိုင်က အနိုင်ရရှိထားသည်။

 

ထို့ကြောင့် ယခုလ ဩဂုတ်(၂၀)ရက်နေ့တွင် ထွန်းထွန်းမင်း၏ စိန်ခေါ်မှုကြောင့် မကျေပွဲယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ရာနှစ်ဦးစလုံးကံကောင်းကြစေရန် ဆုမွန်တောင်းထားသည်။

 

အဆိုပါပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်သည်။

 

#YMG/my #Local_News #ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင် #ဒေဝစောင့်ကြည့်နေမည်
#Yangon_Times