#Local_News
Published_ 4 August 2023


တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်သည့်အနေဖြင့် ‘မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ နှင့်တရုတ်နိုင်ငံခရီးသွားလာရေးမိတ်ဆက်ပွဲ’အခမ်းအနားကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံတရုတ်သံရုံး၏ထုတ် ပြန်ချက်အရသိရသည်။

 

အဆိုပါအခမ်းအနားကို သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင်ကျင်းပခဲ့ပြီးအခမ်းအနား တွင်အမျိုးသမီးများနှင့်လူငယ်များအတွက်သီးသန့်အစီအစဉ်များဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

 

အခမ်းအနားတွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့၏ စီးကရက်ဘူးအက၊ ဆံပင်ခါအက၊ ဟားနီသံစုံရှေးသီချင်း စသည့် တိုးရင်းသားထူးခြားချက်များပါဝင်သောအဆိုအကများကို တင်ဆင်ပြသခဲ့ပြီး ယူနန်ခရီးသွားလာရေးမိတ်ဆက်ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့သည်။

 

ယင်းနောက်ဧည့်သည်တော်များသည် တရုတ်နိုင်ငံလက်ဖက်ရည်ကြမ်းယဉ်ကျေးမှုနှင့် ခရီးသွားဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုကြပြီး ယူနန်၏ ထူးခြားချက်များပါဝင်သော လက်ဖက်ရည်ကြမ်းအနုပညာနှင့် ပန်းမုန့်များကို မြည်းစမ်းကာ ‘ယူနန်ဟုခေါ်သည့် လူနေမှုဘဝ’ကို တွေ့ကြုံခံစားကြရသည်ဟုဖော်ပြထားသည်။

 

အဆိုပါအခမ်းအနားကိုမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ တရုတ်အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအခြေစိုက် အမျိုးသမီးသံတမန်များနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာနိုင်ငံ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၊ အထက (၂) လသာ၊ အထက (၁၄) လှိုင်သာယာ၊ KINGS International School ၊ GESC သင်တန်းကျောင်း စသည်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ စသဖြင့် လူဦးရေ ၁၆၀ ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

#tthl #Local_News #တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ
#Yangon_Times