Published_ 21 July 2023

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ရဲချုပ်အသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ထုတ်ပြန်ချက်အရသိရပါတယ်။

နစကရဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂၁ရက် နေ့စွဲဖြင့် အမိန့်အမှတ် ၄၅/၂၀၂၃၊ ၄၆/၂၀၂၃ နှင့် ၄၇/၂၀၂၃ တို့ဖြင့် အမိန့်များအသီးသီးထုတ်ပြန်ပြီး‌ ခန့်အပ်မှုများနှင့်ပြောင်းရွှေ့တာဝန်ပေးမှုတွေကို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး ရဲချုပ်တာဝန်ကိုပူးတွဲတာဝန် ပေးအပ်လိုက်တာဖြစ်ပါတယ်။

လက်ရှိရဲချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဇင်မင်းထက်ကို အရပ်ဖက်ရွှေ့ပြောင်းလိုက်ပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနသို့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့လည်း အခြားအမိန့်ကြေညာစာတစ်ခုမှာဖော်ပြထားပါတယ်။

ဦးဇင်မင်းထက် ပြောင်းရွှေ့တာဝန်ယူလိုက်တဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာကို လက်ရှိတာဝန်ယူထားတဲ့ ဒေါက်တာစိုးဝင်းကိုတော့ နစကဥက္ကဋ္ဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်တယ်လို့လည်း အမိန့်ထုတ်ပြန်ချက် နောက်တစ်ခုမှာဖော်ပြထားပါတယ်။
-ymg/knl
#MyanmarPolitics
#YMG #Yangon_Times