#Local_News
Published-20 July 2023

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌    လမ်းဘေးတွင် တောင်းရမ်းသော အမျိုးသား ၁ဦးနှင့်အမျိုးသမီး ၁ ဦးကို ကားတစ်စီးကဝင်တိုက် မိ၍နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သိရသည်။

 

ဇူလိုင်လ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်က တာချီလိတ်မြို့အထွက် ဗျူဟာကုန်းအဆင်းတွင် လမ်းဘေးတွင်တောင်းရမ်းစားသောက်နေသူ ၃ဦးကို မော်တော်ယာဥ်တစ်စီးက အရှိန်လွန်၍ ဝင်တိုက်၍ ၂ဦးမှာ နေရာ၌ပင်ပွဲချင်းပြီးသေဆုံး၍ ၁ဦးထိခိုက် များဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

"၂ဦးက ပွဲချင်းပြီးသေဆုံးသွားတာ။ ၁ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်။ တိုက်ပြေးသွားတဲ့ယာဥ်မောင်းကို မဖမ်းမိသေးပါဘူး"ဟု ယင်းအသင်းကသိရသည်။

 

ယာဥ်တိုက် မှုကြောင့်သေဆုံးသွားသူ ၂ဦး၏ရုပ်အလောင်းကို ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကြီး မော်ကြူရီထဲသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။.

 

#Yangon_Times/BM #Local_News #တောင်းရမ်းသောအမျိုးသား၁ဦးနှင့်အမျိုးသမီး၁ဦးကိုကားတစ်စီးကတိုက်ပြေး