#Local_News

Published-17-7-2023

One Friday Fight-25 ပြိုင်ပွဲတွင် မလေးရှားဖိုက်တာကို ထိုးသတ်ရာ၌ ရှုံးပွဲနဲ့ ကြုံခဲ့ရတဲ့ ထွန်းမင်းနိုင်က နောက်ထပ်ယခုကဲ့သို့အမှားမဖြစ်အောင် ပြင်ဆင်လာမည်ဟု ပြောသည်။

 

ထို့အပြင် ပြိုင်ပွဲတွင် အကောင်းဆုံး မယှဉ်ပြိုင်နိုင်ခဲ့သည့်အပေါ် သူ၏ ပရိတ်သတ်အား တောင်းပန်စကားလည်းဆိုထားသည်။

 

"ကျွန်တော် အကောင်းဆုံးမလုပ်ပြနိုင်ခဲ့လို့ တောင်းပန်ပါတယ်။ နောက်ပွဲတွေကို ဒီ့ထက်ပိုပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်ပေါ့ဆလို့ ရှုံးခဲ့တာပါ။ နောက်ပွဲတွေဒီလိုအမှားမျိုးထပ်မဖြစ်အောင် ပြင်ဆင်လာပါ့မယ်။ အခုလိုရှုံးခဲ့တဲ့အတွက် မြန်မာပြည်က အားပေးတဲ့ ပရိတ်သတ်တွေရော ရုံထဲအထိလာပြီးအားပေးတဲ့ပရိတ်သတ်တွေရော တောင်းပန်ပါတယ်။" ဟု ဆိုသည်။

 

ပြီးခဲ့သော  ဇူလိုင် (၁၄) ရက်က ထွန်းမင်းနိုင်အနေဖြင့်  မလေးရှားဖိုက်တာနှင့်  ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ပထမအချီတွင်ပင်  ပြိုင်ဘက်၏ အလဲထိုးချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

 

ထွန်းမင်းနိုင်အနေဖြင့် One Friday Fight ပြိုင်ပွဲတွင်  တစ်ပွဲကို အလဲထိုး၊ တစ်ပွဲကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားခဲ့သူလည်းဖြစ်ကြောင်း သိရသည်။

 

#YMG/my #Local_News ##နောက်ထပ်အမှားမဖြစ်အောင် ပြင်ဆင်လာမည်
#Yangon_Times