#Local_News
Published _8 July 2023

၅၀၅ (က)ဖြင့်အမှုဖွင့်ကာအရေးယူခံထားရသော အနုပညာရှင်များဖြစ်ကြသည့်မေပန်းချီ(ခ) မေပန်းချီစိုးနောင်၊ မေလသံစဉ်၊ မြတ်သူသူ(ခ) မိုးမိုးမြတ်ဇင်၊
ရွှေရည်သိန်းတန် နှင့် သတင်းစာဆရာ ဦးကျော်မင်းဆွေ တို့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။

 

ဇူလိုင်လ ၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြခြင်းဖြစ်ကြောင်း ယင်းအနုပညာရှင်များနှင့် နီးစပ်သူများက ဆိုသည်။

 

"ဟုတ်ပါတယ်ရှင့်၊ မရွှေရည်ပြန်ရောက်နေပါပြီ။ မေပန်းချီတို့၊ မေလသံစဉ်တို့ ၊ မြတ်သူသူတို့လည်း ပါဝင်တယ်လို့သိရပါတယ်"ဟု ရွှေရည်သိန်းတန်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

 

သရုပ်ဆောင် မေပန်းချီမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန်၊ မေလသံစဥ်တို့မှာ ပြီးခဲ့သည့် ဧပြီလအတွင်းက အဖမ်းခံခဲ့ရကာ ယခုအခါ ပြန်လည်လွတ်မြောက်လာကြခြင်းလည်း ဖြစ်သည်။

 

သတင်းစာဆရာ ဦးကျော်မင်းဆွေသည် ယခု ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ၎င်းအားစွဲဆိုထားသည့်အမှုကို ထောင်အတွင်း ရင်ဆိုင်နေရပြီး အမှုမပြီးပြတ်သေးမီ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။

 

#Yangon_Times