#Local_News
Published 6 July 2023

​မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကောက်စိုက်အဖွဲ့တင်ဆောင်လာသည့် ထော်လာဂျီနှင့်အိမ်စီးကားတစ်စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိသူ (၁၁ )ဦးရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

ဖြစ်စဥ်မှာ ဇူလိုင်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ အဝေးပြေးလမ်းမ မြဲသောက်ရေသန့်အနီးတွင် ကောက်စိုက်အဖွဲ့အား တင်ဆောင်လာပြီးပေါင်မြို့နယ်ဘက်မှထွက်ခွာလာသည့် ထော်လာဂျီနှင့် အိမ်စီးကားတို့ မျက်နှာချင်းဆိုင်ဝင်တိုက်၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ဟု သိရသည်။

 

"ကောက်စိုက်အဖွဲ့က ထိခိုက်ဒဏ်ရာရသူများတယ်လို့ သိရတယ်။ လူနာ ၁၁ ဦးလောက်ရှိပြီး လူနာတင်ကား ၄စီးနဲ့တင်သွားပါတယ်။ ၂ဦးက ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်"ဟု ဒေသခံများထံကသိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသူများမှာပေါင်ဆေးရုံနှင့် ရင်းငြိမတိုက်နယ်ဆေးရုံတွင်ကုသခံရယူလျက်ရှိကြောင်း သိရသည်။

 

#Local_News #ထော်လာဂျီနှင့်အိမ်စီးကားတိုက်မိ
#Yangon_Times/BM