#Local_News
Published-5 July 2023

ပဲခူးတိုင်းမှ ပရဟိတကျောင်းတွင် ခေါက်ဆွဲ​ကြော်စားသုံးမှ ခလေးငယ် (၁၂၀) ကျော် အစာအဆိပ်သင့်မှု ဇူလိုင်လ ၄ရက်ကဖြစ်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။

 

ဖြစ်စဥ်မှာ ပဲခူးမြို့နယ်အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ(၅၃/၅) အနီးရှိ မေတ္တာကမ်းလက် ပရဟိတမိဘမဲ့ခလေးများစောင့်ရှောက်ရေးကျောင်းမှ ကလေးငယ် (၁၂၀) ကျော် ပဲခူး ခေါက်ဆွဲကြော်စားသုံးရာမှ အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသူထံကသိရသည်။

 

ကလေးငယ်များအားလုံး အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းနှင့်ကျန်းမာရေးကောင်းမွန်သူအချို့ ဇူလိုင်လ ၅ရက်တွင် ဆေးရုံမှဆင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ဖြစ်ခဲ့မှုကြောင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူပရဟိတအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေကြကြောင်းလည်း သိရသည်။

 

Photo-Tin Swe Myint #Local_News #ခလေးငယ်(၁၂၀)ကျော် အစာဆိပ်သင့်၍ဆေးရုံပို့ခဲ့
#Yangon-Times/BM